[ July 4, 2024 ]

Interview ဖြေဆိုရာတွင်ဂရုစိုက်သင့်သောအချက်များ (Part-3)

အရင်တစ်ပတ်က Interview ဖြေဆိုတဲ့အခါ သတိထားရမဲ့ အချက်တစ်ချို့ကို Part 1, Part 2 အနေနဲ့ ဖော်ပြပြီးပြီဆိုတော့ Part 3 မှာလည်း ဘယ်လိုအချက်လေးတွေ သတိထားသင့်သလဲဆိုတာ ဆက်လက်ဖတ်ရှုကြရအောင်နော်။
1. “I don’t know”
လုပ်ငန်းခွင်တိုင်းမှာ မမျှော်လင့်တဲ့ အခြေအနေတွေဖြစ်တတ်သလို interview မှာလည်း ကိုယ်မထင်မှတ်ထားတဲ့ မေးခွန်းလေးတွေ မေးတတ်ပါတယ်။ ဒီလိုအချိန်မျိုးဆို interviewee တွေက “ဘယ်လိုပြောရမလဲ မသိဘူးနော်” လို့ ဖြေတတ်ကြပါတယ်။
ဒီလိုမေးခွန်းမေးခံရတဲ့အချိန်မျိုးဆို လုပ်ငန်းခွင်တွင်း ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ရပ်လို့ မှတ်ယူပြီး “မသိပါဘူး” လို့ တုံးတိဖြေတာထက် အချိန်လေး ခဏယူပြီး ဖြေတာ၊ မေးခွန်းနဲ့ပတ်သက်ပြီး အချက်အလက်တွေထပ်ပေးဖို့ တောင်းဆိုတာက ပိုပြီး သင့်တော်ပါတယ်။ ဖြေတဲ့အခါမှာလည်း ဒီလိုနေရာမျိုးမှာ အတွေ့အကြုံမရှိသေးပေမဲ့ မိမိသာဆို မည်သည့်နည်းဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောရန်လိုအပ်ပါသည်။ ဒီလိုဖြေခြင်းအားဖြင့် unexpected situation တွေမှာ တုံ့ပြန်တတ်တဲ့ သင့်ရဲ့ problem solving skills တွေကို interviewers များကိုလည်း ပြသရာ ရောက်ပါတယ်။
2. Talking too much or not enough
Interviewee တွေအနေနဲ့ အလုပ်နဲ့ မပတ်သက်တဲ့ personal information တွေကို အများကြီး မပြောပြသင့်ပါဘူး။ သိသင့်တာထက်ပိုပြီး ပြောပြလိုက်ခြင်းအားဖြင့် interviewers တွေဆီကနေ စိတ်၀င်စားမှူ လမ်းကြောင်းလွှဲသွားနိုင်ပါတယ်။ ကိုယ့်ဘက်ကနေ ကိုယ့်ရဲ့ အလုပ်အတွေ့အကြုံတွေ၊ လုပ်ငန်းဆိုင်ရာ အခက်အခဲတွေ ကျော်လွှားပုံတွေ၊ ကိုယ့်အရည်အချင်းတွေကို ဖော်ပြဖို့ အချိန်နည်းသွားသလိုဖြစ်တတ်ပါတယ်။ interviewer တွေ ဆန်းစစ်လေ့လာဖို့ မိမိ အတွေ့အကြုံတွေကို လုံလောက်အောင် ပြောခွင့်မရလိုက်တာဟာလည်း တခြား candidates တွေနဲ့ ယှဥ်ရင် မိမိဘက်က လိုအပ်ချက်ရှိသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မလိုအပ်တာတွေ အများကြီးပြောခြင်း၊ ပြောသင့်တဲ့အချက်များကို လုံလောက်စွာ မပြောခြင်းတွေကို ရှောင်ရှားသင့်ပါတယ်လို့ အကြံပေးချင်ပါတယ်။
3. “I don’t have any question.”
Interviewee တော်တော်များများက interview ဆိုတာ interviewer တွေ မေးတာကို ကိုယ့်ဘက်ကပဲ ဖြေပေးရုံပဲလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ company ရဲ့ Interview အဆုံးသတ်ခါနီးတိုင်း interviewer တွေက company နဲ့ပတ်သက်ပြီး မေးချင်တာမေးဖို့ အခွင့်အရေးပေးတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ “မရှိပါဘူး” လို့ ဖြေတာက company အပေါ် စိတ်၀င်စားမှု မရှိဘူးလို့ မှတ်ယူသွားတတ်ကြပါတယ်။ company ဘက်က ကိုယ့်ကိုမေးရုံတင်မက ကိုယ့်ဘက်ကလည်း ကိုယ်သိချင်တဲ့ အကြောင်းတွေ မေးမြန်းဖို့ လိုပါတယ်။
မေးခွန်းမေးရမယ်ဆိုတိုင်းလည်း social media မှာ research လုပ်လို့ရနေတဲ့ company ရဲ့အကြောင်းတွေ မမေးသင့်ပါဘူး။ Interview အတွက် သေချာမပြင်ဆင်ထားဘူးလို့ company ဘက်က မှတ်ယူသွားနိုင်ပါတယ်။
မေးခွန်းပြန်မေးရာမှာလည်း ethic အရ ကုမ္ပဏီရဲ့ privacy နဲ့ sensitive questions တွေ မမေးမိအောင်တော့ သတိထားသင့်ပါတယ်။
Interviewee တွေ မေးသင့်တဲ့ မေးခွန်းလေးတွေက companyရဲ့ leadership ပုံစံနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ချပုံချနည်းတွေ၊ ၀န်ထမ်းတွေကို ငွေရေးကြေးရေးအပြင် ဆွဲဆောင်ထားနိုင်သော တခြား အကြောင်းပြချက်တွေကို မေးမြန်းသင့်ပါတယ်။ ဆက်လက်ပြီးတော့ လက်ရှိခေါ်နေတဲ့ position က replacement လား (ဒါမှမဟုတ်) အသစ်ပြုလုပ်လိုက်တဲ့ position လား၊ ဘယ်သူတွေနဲ့ ဘယ် department တွေနဲ့အတူ လက်တွဲလုပ်ကိုင်ရမလဲ၊ ဘယ်သူ့ကို တိုက်ရိုက် report တင်ကမလဲဆိုတာ မေးသင့်ပါတယ်။ ဒါမှသာ ဒီ position နဲ့ ပတ်သက်ပြီး ကိုယ်တာ၀န်ယူနိုင်မယူနိုင်၊ ကိုယ်ဘယ်သူ့ကို ဆက်သွယ်မေးမြန်းရမလဲဆိုတာ သိမှာဖြစ်ပါတယ်။ မေးမြန်းသင့်တဲ့ မေးခွန်းတွေကို နောက်ထပ် blog မှာ အသေးစိတ်ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။